2024 and Myanmar Survival Guide

Photo by Saw Wunna on Unsplash

2024 and Myanmar Survival Guide

How to survive in Myanmar in 2024

2024 ထဲမှာ ဘာတွေလုပ်သင့်လဲလာမေးတော့ ဘာအလုပ်မှ recommend မပေးရဲပါဘူး။

ဒါပေမယ့် နိုင်ငံတွင်းမှာ ရှင်သန်ချင်တယ်ဆိုရင်တော့ ဒီအချက်လေး ၄ချက်တော့ လိုကိုလိုအပ်မယ်။

1. Negative Vibes တွေကို တတ်နိုင်သလောက်လျှော့ချ။

လူတွေမှာက negative ဆောင်တဲ့အတွေးအခေါ်တွေ၊ အကြံအစည်တွေက အရမ်းများနေတယ်။ အဲ့တာတွေ လိုက်စဉ်းစားနေရင် ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ လုပ်ဖြစ်မှာလည်းမဟုတ်ဘူး။ တတ်နိုင်သလောက်သာလျှော့။

ကိုယ့်ကို negative ဖြစ်စေတဲ့ စာတွေ၊ status တွေ၊ တတ်နိုင်သလောက် ဖျောက်လိုက်။ အမြဲ positive ဖြစ်နေရမယ်ဆိုလိုတာမဟုတ်ဘူး။ အတွင်းစိတ်ထဲမှာကိုက အပြင်မကောင်းတဲ့ဓာတ်တွေ ဝင်မလာတော့ဘူးဆိုရင် ကျန်တာဆက်လုပ်ဖို့က တဖြည်းဖြည်းခိုင်မာလာပြီ။ ဘူမနေတော့ဘူး။ အတွေးတွေရှင်းလင်းလာပြီ။

2. Adaptability

ဒီတနှစ်က ပြောင်းလဲမှုအရမ်းများမှာမို့ အဲ့အပြောင်းအလဲတွေပေါ်လိုက်ပြီးတော့ လိုက်လျောညီထွေဖြစ်မှု Adaptation ကောင်းဖို့ လိုကိုလိုအပ်တယ်။

ကိုယ်ဘယ်လောက် လက်ရှိအကြောင်းအရာတွေနဲ့ အံ့ဝင်ခွင်ကျ တပြေးညီပြေးနေနိုင်လဲပေါ်မူတည်ပြီးတော့ စကားပြောတဲ့နှစ်ဆိုတော့ တရားသေကိုင်စွဲထားလို့မရဘူး ဘာမှကို။ ပတ်ဝန်းကျင်အပူချိန်ပေါ်လိုက်ပြီးတော့ ရှင်သန်တတ်ရမယ့် ကာလပဲ။

3. Common sense

အချို့တွေ အရမ်းတော်တယ်။ ဒါပေမယ့် common sense လုံးဝမရှိဘူး။ ကိုယ်တွေက ဥရောပနိုင်ငံတွေလို ရှင်သန်လို့မရဘူး။ အဲ့တန်းသွားညှိဖို့ထက် ထိုင်းတောင်မှီဖို့မလွယ်ဘူး။ (ဥရောပမှာ လုပ်ငန်းခွင်ဘယ်လိုလွတ်လပ်တယ်ဆိုတာ ထိုင်းလိုနိုင်ငံတောင်မရသေးဘူး) ခက်ခဲတဲ့နိုင်ငံတွေမှာ common sense ဘယ်လောက်ကောင်းလဲဆိုတာက ရေတို၊ရေရှည်အရမ်းစကားပြောတယ်။ ကိုယ့်တကိုယ်ရည်အတွေးထဲမှာက ဒါကြီးကမကောင်းဘူးလို့မြင်နေမယ်။ ဒါပေမယ့် common sense အရပြန်ကြည့်ရင် ကောင်းနေတဲ့ အရာတွေအများကြီးရှိတယ်။ မတူညီတဲ့ရှု့ထောင့်တွေပဲ။ အသက်ရှင်ချင်ရင် လျှောက်အများကြီးတွေးမနေပဲ common sense အရမ်းကောင်းဖို့လိုအပ်တယ်။ "ယုန်နဲ့အတူပြေး၊ ခွေးနဲ့အတူလိုက်" တတ်ဖို့ လိုတယ်။

4. Everything is interconnected

အရာအားလုံးက ဒီနိုင်ငံထဲမှာ ဆက်စပ်နေတယ်။ ရှင်းမရတဲ့ ချည်လုံးကြီးလိုပဲ။ မူးယစ်ဆေး၊ ကျောက်စိမ်းကနေ အိမ်မှာချက်စားတဲ့ဆန်တပြည်၊ နေ့စဉ်သောက်တဲ့လက်ဘက်ရည်ကနေ အလုပ်အကိုင်အခွင့်အလမ်း အကုန်လုံးကြည့်တတ်ဖို့ ပညာပဲလိုတယ်။

ကြည့်တတ်တော့ဘာဖြစ်လဲ။ အဲ့အတွေးအမြင်ရသွားရင် တကိုယ်ရည်မငတ်အောင် ရှာစားတတ်သွားပြီ။ အလုပ်တော့ ဘယ်အလုပ်နေနေ ပင်ပန်းတာပဲ။

ဒီလောက်နိုင်ငံတကာပိတ်ဆို့ထားတဲ့ကြားကနေ လက်ဘက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ဘားတွေကလပ်တွေ အခုထိ လူမပြတ်သေးတာဟာ အကြောင်းအရင်းတွေအများကြီးရှိတယ်။ ခက်ခဲတာအမှန်ဆိုပေမဲ့ စာရင်းမဲ့သောစီးပွားရေးလုပ်ငန်းတွေက အခုထိ လူထုကိုထမင်းကျွေးထားတုန်းပဲ။ အခုထိ အသက်ရှင်နေကြသေးတာက ဝိုင်းထောက်ပေးထားတဲ့ စီးပွားရေးတိုင်တွေကြောင့်မို့ပဲ။ အဲ့တိုင်တွေကလည်း ဘယ်သူမှချိုးလို့မရဘူး။ ချိုးလည်းမချိုးရဲဘူး။ အကုန်ငတ်ကုန်မှာ။

လူတွေသတ်မှတ်ထားတဲ့ သမာရိုးကျ အလုပ်အကိုင်တွေက ရှားလာတာအမှန်ပဲ။ ဒါပေမယ့် သမာရိုးကျမဟုတ်တဲ့ ကောင်းရောင်းအဝယ်အလုပ်ပုံစံတွေလည်း ပေါ်လာတယ်။ (မကောင်းတာတော့မလုပ်နဲ့)

ဒီတော့ ရှင်သန်ချင်ရင်တော့ ဒါတွေရှိတယ်။

တယောက်ယောက်အတွေးပေါက်သွားတော့လည်း တယောက်ယောက်အဆင်ပြေသွားပါစေပေါ့။

အဆင်ပြေကြပါစေ။