တူးဒီသရီးဒီ ခန့်မှန်းတဲ့ အေအိုင်လုပ်ပေးနိုင်လား

Photo by Erik Mclean on Unsplash

တူးဒီသရီးဒီ ခန့်မှန်းတဲ့ အေအိုင်လုပ်ပေးနိုင်လား

Artificial Intelligence that can predict Myanmar 2D, 3D

အချို့လူတွေ မေးတာကစားတယ်ဗျာ။
"တူးဒီသရီးဒီ ခန့်မှန်းတဲ့ အေအိုင်လုပ်ပေးနိုင်လား" တဲ့။

လုပ်ပေးလို့ကရတယ်။ ဒါပေမယ့် ကျင့်ဝတ်အရတော့ အဆင်မပြေဘူး။ ကျင့်ဝတ်တွေဘာတွေထားလိုက်အုန်း၊ ဖြစ်နိုင်လားဆိုတဲ့မေးခွန်းကို ဖြေရရင်

မှန်ကောင်းမှန်နိုင်တယ်။ မှန်ချင်မှလည်း မှန်မယ်။

ဘယ်လိုမှန်မလဲဆိုရင် တူးဒီမှာဆိုရင် ပေါက်ဂဏန်းအတွဲ၂လုံးကို R ပြီးထိုးဖို့ ထုတ်ပေးရင် ပေါက်နိုင်ခြေက ၄% ပဲရှိတယ်။
အဲ့တာက အမေရိကားက နိုဘယ်ဆုရတဲ့ကောင်ကြီးလာလုပ်လည်း မပြောင်းလဲဘူး။

ဒါပေမယ့် ရပ်ကွက်ထဲက အတိတ်စိမ်းဘိုးတော်တွေပေးသလို ဂဏန်း၃လုံး "၁, ၄, ၆" ပဲထား။ ပေးမယ်။ အဲ့၃လုံးကို ကျန်တဲ့ဂဏန်းနဲ့ ကြိုက်သလိုအတွဲစပ်ပြီးထိုးရင်တော့ ၃၀% ထိပေါက်နိုင်ခြေရှိတယ်။

ဒါပေမဲ့ တူးဒီရဲ့သဘာဝက သင်္ချာသည် independent event တွေဖြစ်လို့၊ ပေါက်ချင်ပေါက်မယ်၊ မပေါက်ချင်မပေါက်ဘူးပဲ။

ပြောရရင် Generate လုပ်ပေးတာကလည်း သူ့ဟာသူမှန်းထုတ်တာပဲ။ သင်္ချာအရတော့ ကျိုးကြောင်းဆက်စပ်မှုမရှိဘူး။ ဒါပေမဲ့ သဘာဝအရ အလွန်တိုက်ဆိုင်ပြီးတော့မှ အမြဲပေးသမျှထွက်နေရင်တော့ အဲ့အေအိုင်ကိုယ်က ကံထူးလွန်းတာပဲ။

ပြောချင်တာကတော့ AI က တူးဒီမှာ ဆရာကြီးတော့မဟုတ်ဘူး။ ဒါပေမဲ့ ယုံကြည်ရင် ကိုးကွယ်လို့ရတယ်ဆိုတဲ့ အဆင့်ပဲ။

(တခုတော့ရှိတယ်။ တူးဒီဂဏန်းသည် ထိုင်းစတော့ဈေးကွက်ပေါ်မူတည်တာမို့လို့၊ စတော့ဈေးကွက်ကို ဒသမကိန်း၂လုံးထိမှန်အောင်မှန်းပေးနိုင်ရင်တော့ ပေါက်ဖို့ရာခိုင်နှုန်းက အရမ်းများတယ်။ ဒါကလည်းလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ - ဤကားစကားချပ်)