နိုင်ငံခြားလည်းထွက်လို့မလွယ်ဘူး။ ဘယ်လိုလုပ်ရမလဲ

I am an artificial intelligence model builder in Myanmar, and an educator about programming and machine learning.
"နိုင်ငံခြားလည်းထွက်လို့မလွယ်ဘူး။ ဘယ်လိုလုပ်ရမလဲ"ဆိုတဲ့စာတွေက အများကြီးရောက်လာတော့
၁။ ဘာမှလုပ်မရဘူး။ အချို့ကိစ္စတွေက ကိုယ်တိုင်လက်လှမ်းမမှီတဲ့ကိစ္စတွေမို့ တွေးပူနေလည်း စိတ်ညစ်ရုံပဲ။ တတ်နိုင်သလောက် သတိ၊ ဝိရိယနဲ့နေ။
၂။ မိုးပြိုအများလို့သာ မှတ်လိုက်။ ကိုယ်တယောက်တည်းမှ ထူးပြီး ကံကွက်ကျားဆိုးနေတာမဟုတ်ဘူး။ အဲ့တော့ မျှခံနေရတာလို့ပဲတွေးလိုက်။
၃။ လုပ်စရာရှိတာဆက်လုပ်။ ပြီးတော့ လုပ်ချင်တာတွေအကုန်လုပ်။ မနက်ဖြန်တောင် မသေချာတာမို့၊ တရက်တရက်ကို သေချာတန်ဖိုးထားပြီးဖြတ်သန်း။ ကိုယ့်ကိုဂရုစိုက်တဲ့သူတွေ၊ ချစ်ရတဲ့သူတွေကို ကျေးဇူးတင်။
၄။ အကူအညီတောင်းဖို့လည်းမရှက်နဲ့၊ အကူအညီပေးဖို့လည်း မတွန့်ဆုတ်နဲ့။ တခုခုဆိုပြေး၊ နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ဆိုပြီး ဖနောင့်နဲ့တင်ပါးတသားတည်းကျအောင်သာပြေး။
၅။ အမြဲမပြတ် နိုင်ငံရေးကိုစောင့်ကြည့်နေ။ ဖြစ်လာသမျှ အခြေအနေတိုင်းနဲ့ သဟဇာတဖြစ်အောင်နေဖို့သာ ကိုယ့်စိတ်ကိုပြင်ဆင်ထား။
ဒီလောက်ပဲ။ အပိုအနေနဲ့ကတော့
ဟိုလူသည်လူက အပြစ်တင်မှာတွေဆိုပြီး လိုက်နားထောင်မနေနဲ့။ ကိုယ်ဖြစ်ကိုယ်ခံရမှာမို့၊ ကိုယ့်ကိုယ်ကိုယ်အရင်ကယ်တင်။ အခုချိန်မှာ မင်းအသက်လောက်၊ မင်းမိသားစုလောက် အရေးမကြီးဘူးဘယ်ဟာမှ။ ဒုက္ခရောက်နေရင် လိုင်းပေါ်ကဘယ်ဆရာကြီးမှ မင်းကိုလာမကယ်ဘူး။ (ကိုယ့်မိသားစုကပဲ အနီးဆုံးရှိမှာ)


